Facial Massage Roller
နည်းလမ်းမှန်ကန် KB Roller လေးကို သုံးပြီး မျက်နှာအသားအရေ ထိန်းသိမ်းကြရအောင် Skin Care ပုံမှန်လိမ်းပြီး Roller အသုံးပြု ထိန်းသိမ်းနေပေမယ့်လည်း Roller သုံးနည်း အမှန် မသိသေးသူများအတွက် မင်မင် အလင်းပြ ပေးလိုက်ပြီနော် Roller အသုံးပြုချိန်တိုင်း အသားအရေ ဆွဲတင်သည့်ပုံစံ အနေအထားဖြင့် ပြုလုပ်ရမည်။ အဆင့် 1 မျက်လုံးအောက်ဘက်ရှိ ဧရိယာတစ်ဝိုက်ကို ညင်သာစွာ ၃ ကြိမ်တိုင်တိုင် လှိမ့်ပေးပါ အဆင့် 2 Roller ဖြင့် မျက်ခုံးအလယ် ခွ၍ နဖူးပြင်နဲ့ မျက်ခုံးရိုးနေရာများကို ၃ ကြိမ်တိုင် လှိမ့်ပေးပါ အဆင့် 3 ပါးရိုးနဲ့ နားထင်နေရာသို့ ၃ ကြိမ်တိုင် အပေါ် အောက် ဆွဲ၍ လှိမ့်ပေးပါ အဆင့် 4 နဖူး၏အလယ်ဗဟိုမှ စတင်ပြီး နဖူးနှင့် ဆံသားထိဟန် Z ပုံစံဖြင့် နဖူးပြင် တစ်ပြင်လုံးအား လှိမ့်ပေးပါ အဆင့် 5 ပြီးနောက် . . . မျက်ခုံးနှစ်ခုကြား နေရာတွင် ရပ်၍ အားနည်းငယ် ထည့်ကာ ဖိပေးပါ အဆင့် 6 မေးစေ့မှစ နှာတံဘေး ဧရိယာ ပါးပြင်သို့ အသားအရေ ဆွဲတင်ဟန်ဖြင့် ၃ ကြိမ်တိုင် လှိမ့်ပေးပါ နောက်ဆုံးအဆင့် ပါးရိုးပေါ်မှာ တိုတိုတုတ်တုတ်ဖြင့် အထက် အောက် ၂ ကြိမ်တိုင် လှိမ့်ပေးပါ. ပြီးနောက် နှာခေါင်းဘေးမှစ နားထင်နေရာသို့ ဆွဲတင် လှိမ့်ပြီး နားထင်တွင် ခေတ္တထိကာ ရပ်ထားပါ ကဲ . . . ဒီလို အဆင့်များနဲ့ မျက်နှာအဆီကျ သွေးလည်ပတ်မှုကောင်းတဲ့ KB Roller သုံးရင်း တစ်သက်တာ နုပျိုအလှ ပိုင်ဆိုင်လိုက်ကြပါစို့

